simple mobile web site creator software download

ABOUT MEECA

(က) နိုင်ငံတော်၏ကုန်သွယ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်။

(ခ) ကုန်စည်ပြပွဲများ၊ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲများနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် အသင်းအနေနှင့်ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ရန်။

(ဂ) မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပမှ ပိုမိုစိတ်ဝင်စားလာစေ၍ ဈေးကွက်ပိုမိုရရှိ စေရန် အထောက်အပံ့ကောင်းများ ဖန်တီးပေးနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် ကုန်စည်ပြပွဲများကျင်းပနိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ပူးပေါင်း လက်တွဲ ဆောင်ရွက်ရန်။

(ဃ) ပြည်ပမှအရည်အသွေးမှန်ကန်သောကုန်ပစ္စည်းများ မိမိနိုင်ငံအတွင်းသို့ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဝင်ရောက်လာစေရေးနှင့် ပြည်ပမှစီးပွားရေးမိတ်ဖက် ကောင်းများ ရရှိလာစေရေးအတွက် ဆောင်ရွက်ပေးရန်။

(င) ကုန်စည်ပြပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ၊ စီးပွားရေးတွေ့ဆုံပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးနှင့် ယင်းလုပ်ငန်းများနှင့်ဆက်နွယ်နေသော အခြား လုပ်ငန်းများကိုပါ ဖွံ့ဖြိုးတိုးတက် အောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်။

(စ) အသင်းသားများနှင့်သက်ဆိုင်ရာလုပ်ငန်းရှင်များ အချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီ ညွတ်မှု ရှိစေရေးအတွက် ဦးစားပေးဆောင်ရွက်ရန်။

(ဆ) ပြပွဲနှင့်ဆွေးနွေးပွဲဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သော ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ၊ နိုင်ငံတကာအဆင့်မီနည်းပညာများနှင့်သွင်းအားစုများ၊ ခေတ်မီဗဟုသုတ အတွေ့အကြုံများရရှိလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်။

(ဇ) နိုင်ငံတကာခေတ်မီကုန်စည်ပြပွဲခန်းမများ၊ ဆွေးနွေးပွဲခန်းမများကို တိုင်းဒေသကြီးနှင့်ပြည် နယ်မြို့တော်များတွင် ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

(ဈ) ကျစ်လျစ်ခိုင်မာ၍ ရေရှည်တည်တံ့ခိုင်မြဲသောအသင်းအဖြစ် ရပ်တည်နိုင်ရေးနှင့် အသင်းသားများနှင့် လုပ်ငန်းရှင်များအား စနစ်တကျလုပ်ငန်း ဆောင်ရွက်ကြစေရေးအတွက် စည်းရုံး ဆောင်ရွက်ရန်။





အောက်ပါအရည်အချင်းနှင့်ပြည့်စုံသော အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိက တစ်ဦးချင်းတို့သည် ဤအသင်းတွင်အသင်းသားအဖြစ် ပါဝင်ခွင့်လျှောက်ထားနိုင်သည်-

(က) ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်စည်ပြပွဲများနှင့်ဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် တာ ဝန်ယူဆောင်ရွက်နေသော လုပ်ငန်းအဖွဲ့အစည်းများ။

(ခ) ကုန်စည်ပြပွဲနှင့်စီးပွားရေးဆွေးနွေးပွဲများကို လက်ခံကျင်းပပေးသည့်ခန်းမပိုင်ရှင်များနှင့် ဟို တယ်ပိုင်ရှင်များ။ (Venue Owners)

(ဂ) ပြခန်းများတည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသောလုပ် ငန်းများ။ (Booth Constructions and Decorations Contractors)

(ဃ) အသင်းဝင်အဖြစ်လျှောက်ထားသူသည် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မှတ်ပုံတင် ထားသောကုမ္ပဏီ (သို့မဟုတ်) အထက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ရ မည့်အပြင် အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားဖြစ်ရမည်။





အသင်းသားအမျိုးအစား

ဤအသင်း၏အသင်းသားအမျိုးအစားကို အောက်ပါအတိုင်းခွဲခြားသတ်မှတ်ထားသည်-

(က) ရိုးရိုးအသင်းသား။ အထက်အပိုဒ် ၆ ပါ သတ်မှတ်ချက် အရည်အချင်းများနှင့် ညီညွတ်၍ ဤအသင်းက ရိုးရိုးအသင်းသားအဖြစ် တရားဝင်လက်ခံကာ အသိအမှတ် ပြုထား သည့် အပြင် သတ်မှတ်ထားသောအသင်းဝင်ကြေးနှင့်နှစ်စဉ်ကြေးများကို အချိန်မီ ပေးသွင်း ထား သူများ။

(ခ) တွဲဖက်အသင်းသား။ ဤအသင်းတွင် အသင်းသားအဖြစ်ဝင်ရောက်ထားသော နိုင်ငံခြား ကုမ္ပဏီများနှင့် နိုင်ငံခြားသားများ ပါဝင်သောလုပ်ငန်းများ။





အသင်းသားများ၏တာဝန်

အသင်းသားများ၏တာဝန်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသင်းတိုးတက်ဖွံ့ဖြိုးအောင်မြင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေးတို့ကိုရှေးရှု၍ လိုအပ် သလို ပါဝင်ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ရန်။

(ခ) အသင်း၏ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များကို ထမြောက်အောင်မြင်စေရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။

(ဂ) အသင်းကသတ်မှတ်ထားသောအသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးတို့ကို မပျက်မကွက် ပေးသွင်းရန်။

(ဃ) အသင်း၏အသင်းသားစုံညီ အစည်းအဝေး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှု ဆောင် အဖွဲ့အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန်။

(င) အသင်း၏ အသင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အစဉ်ရှေးရှုထိန်းသိမ်းဆောင် ရွက်ရန်။

(စ) အသင်းကပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်။





အသင်းသားများ၏အခွင့်အရေး

အသင်းသားများ၏အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အသင်းကဖိတ်ကြားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်း အနားများသို့ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်နှင့် အကြံပေးနိုင်ခွင့်ရှိသည်။

(ခ) အသင်းကစီစဉ်သော ပြည်တွင်းပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးများ၊ ကုန်စည်ပြပွဲများ စသည်တို့တွင်ပါဝင်တက်ရောက်ဆည်းပူးလေ့လာခွင့်ရှိသည်။

(ဂ) အသင်းကစီစဉ်ပြုစုဖြန့်ဝေသော သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို လက်ခံ ရယူနိုင်ခွင့်နှင့် ဝန်ဆောင်မှုများကို ခံစားခွင့်ရှိသည်။

(ဃ) အသင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့် အခြားသက်ဆိုင်ရာအစည်းအဝေးများတွင် ဖိတ်ကြားချက်အရ တက်ရောက်၍ ဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့် မဲဆန္ဒ ပေးခွင့်ရှိသည်။ (တွဲဖက်အသင်းသားများသည် တက်ရောက်ဆွေးနွေးအကြံပေးနိုင်ခွင့် ရှိသော်လည်း ရွေးချယ်ခံပိုင်ခွင့်နှင့် မဲဆန္ဒပေးခွင့်မရှိပါ)

(င) အသင်း၏တိုးတက်ကြီးပွားအောင်မြင်ရေးကိုရှေးရှု၍ ကောင်းမြတ်သောအကြံဥာဏ်များ၊ စာတမ်းများ စသည်တို့ကိုတင်ပြခွင့်ရှိသည်။

(စ) အသင်း၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ အသင်း၏ အစုအဖွဲ့များ၊ လုပ်ငန်းအဖွဲ့ငယ်များ၊ လုပ်ငန်းကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိ သည်။

(ဆ) အသင်းသားတစ်ဦးသည် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲတစ်မဲသာပေးခွင့်ရှိသည်။

We are very please to invite you to join our association.

How to Become a Member 

FOLLOW US